ငါမြင်တယ် ငါသိတယ်
ငါဖြစ်တယ်ပေါ့
အာရုံက အဲ့ဒီလို...
စစ်ကနဲ
အဖျားကိုင်းနား
ရိပ်ရိပ် ရိပ်ရိပ်နဲ့
ငါအပြင်းဖျားချင်တာလား
ငါ
အရှက်ရတာလား
အာရုံက အဲ့ဒီလို...
ကျေးဇူးတရားများက
နိုင်ငံရေးကို ဖျားယောင်းကြ
ခေါင်းမမော့နိုင်သော
ဟင်္သာကိုးသောင်းမှာ
ငါ
တစ်ကောင်ပေါ့
အာရုံက အဲ့ဒီလို...
ဆန်ရင်း နာနာဖွတ်တဲ့
မဖွယ်မရာတွေမှာ
ငါ
လိုလိုလားလား ကျိုးကြေ
အာရုံက အဲ့ဒီလို....
ငါ
မပြတ်သားနိုင်သေးဘူး
ငါ
ငါ
ငါ....
အဲ့လို အာရုံရတယ်...
အရှက်ရတာလား
အာရုံက အဲ့ဒီလို...
ကျေးဇူးတရားများက
နိုင်ငံရေးကို ဖျားယောင်းကြ
ခေါင်းမမော့နိုင်သော
ဟင်္သာကိုးသောင်းမှာ
ငါ
တစ်ကောင်ပေါ့
အာရုံက အဲ့ဒီလို...
ဆန်ရင်း နာနာဖွတ်တဲ့
မဖွယ်မရာတွေမှာ
ငါ
လိုလိုလားလား ကျိုးကြေ
အာရုံက အဲ့ဒီလို....
ငါ
မပြတ်သားနိုင်သေးဘူး
ငါ
ငါ
ငါ....
အဲ့လို အာရုံရတယ်...
(မင်းငြိမ်)။
No comments:
Post a Comment