ညံ့ခဲ့သော ဘာသာဗေဒများ
ငါ
အဆုံးစွန်ထိ
ကျင့်ကြံတယ်
အခုထိ
ကကြီး ခခွေးက မတက်တော့
ငါညံ့တယ်…
နေညိုချိန်တွေ
ခဏ ခဏ ပြောင်းတော့
နေ၀င်ချိန်များလား
ဒိန်ခဲတွေ
နေရာရွေ့ကြ
ငါကျန်ခဲ့တော့
ငါညံ့တယ်…
မထိခိုက်စေသော လိမ်ညာမှုကလွဲရင်
သေသေချာချာ ရိုးသားခဲ့တယ်
အရောင်းအ၀ယ်မဖြစ်တဲ့ ဒေသမှာ
ငါ
နေရချမိတော့
ငါညံ့တယ်…
နေရာ ကျဉ်းကျဉ်းမှာ
အသံကျယ်ကျယ်
ပန်းပြားပင်တွေ
ယိမ်းကြတော့
အသံတိမ်ဝန်းကျင်က
ငါ
ငါညံ့တယ်…
တန်းညှိတဲ့လူကြားထဲ
အစိမ်းသက်သက်
မျိုးဆက်
အသစ်ကို
အချစ်လိုမငတ်ကြတော့
ခံစားမှုပြင်းသူ
ငါ
ညံ့တယ်…
ငါ
ယုံကြည်သလောက်
ညံ့တယ်…။
နေ၀င်ချိန်များလား
ဒိန်ခဲတွေ
နေရာရွေ့ကြ
ငါကျန်ခဲ့တော့
ငါညံ့တယ်…
မထိခိုက်စေသော လိမ်ညာမှုကလွဲရင်
သေသေချာချာ ရိုးသားခဲ့တယ်
အရောင်းအ၀ယ်မဖြစ်တဲ့ ဒေသမှာ
ငါ
နေရချမိတော့
ငါညံ့တယ်…
နေရာ ကျဉ်းကျဉ်းမှာ
အသံကျယ်ကျယ်
ပန်းပြားပင်တွေ
ယိမ်းကြတော့
အသံတိမ်ဝန်းကျင်က
ငါ
ငါညံ့တယ်…
တန်းညှိတဲ့လူကြားထဲ
အစိမ်းသက်သက်
မျိုးဆက်
အသစ်ကို
အချစ်လိုမငတ်ကြတော့
ခံစားမှုပြင်းသူ
ငါ
ညံ့တယ်…
ငါ
ယုံကြည်သလောက်
ညံ့တယ်…။
(မင်းငြိမ်)။
No comments:
Post a Comment