Monday, October 22, 2012

မတ်တပ်အဘိဓမ္မာများ


အမှန်တရားကို
ရွက်ကျပင်ပေါက်လိုကျင့်သုံးကြမှတော့
နေရာရွေ့ကြ

လူ့အလိုအရ
ချဉ်ခြင်းနောက်ကို
အမဲရှာသလို ပစ်ခတ်ကြတယ်

ထုသားပေသားကျလို့လည်း
မိချောင်းရှေ့မှာ
ထွန်မကျူးချင်ဘူး

သားကြီးငါးကြီး မစားတတ်တော့
အသေးစားလေးတွေ
ဖြစ်ပျက်တာ မြန်ပ

အိုကေ
တစ်ခါ တစ်ခါပြောတတ်သလို
အလန်းတွေနဲ့
ခပ်ရင့်ရင့်ပေါ့

။(မင်းငြိမ်)။

No comments:

Post a Comment

နားဝင်ပီယံတေးသီချင်းများ