Monday, October 22, 2012

ဝေးဝေးနွေးနွေးအမှတ်များ


သဲချောင်းပေါ်
ခပ်ရွရွ
ဖွဖွ
မျက်နှာအပ်တယ်...

လေအတုန်
နေအဟုန်ဖြင့်
စစ်ကနဲ


မြင်မိသော
ကြားမိသော
အရှေ့က
တောတန်းညိုညို
ချစ်စရာ

အထိအရှများသော
သံသရာမှာ
အခြေတကျမဖြစ်တာလဲ
အနုပညာပေါ့

စူးကနဲ
မျက်လုံးတစ်ဖက်ကို အရင်ပိတ်မိတယ်
ကျန်သူကတော့
ရှာဖွေကောင်းတုန်း

အခုလို
...အခုလို
......အခုလို
ငါဟာ ...
ငါပဲဖြစ်နေပြန်တော့တယ်...။

။မင်းငြိမ်။

No comments:

Post a Comment

နားဝင်ပီယံတေးသီချင်းများ