ခြေချကြည့်လိုက်တယ်
လူဖြူ....လမ်းဖြူ
သစ်ပင်ဖြူ...ကားဖြူ
လေငွေ့ဖြူ
ငါ့ကိုလာကြိုတဲ့သူလည်းဖြူ
ငါ့ကိုငါပြန်မြင်ရတာလဲ အဖြူ
အားလုံးဖြူသွားကျတယ်။
ဒါနဲ့ပဲ
လူသစ်
နေရာသစ်မှာ
စိုးရိမ်မှု့အသစ်က
ကွင်းပြင်ကျယ်ကျယ်ပေါ့။
ပြတင်းတံခါးကိုကြည့်
လေဖြူကြားမှာ
ဆွီဒင်ရဲ့အကြီးဆုံး
ဘုရားကျောင်းကြီးကလည်း ခန့်ညားစွာ
ငါ့ရှေ့ ..တစ်ကိုယ်လုံး
ဆွတ်ဆွတ်ဖြူနေလေရဲ့။
ဟော....ပန်းဖြူဖြူတွေ
အဆုပ်လိုက် အဆုပ်လိုက်
ခြေထိုးအလှ ကချေသည်လို
အပျိုဘော်ဝင် နတ်သမီးလို
ဝန်းကျင်အနှံ့ ပျော်ပါးနေကြတယ်။
စိတ်ရော ကိုယ်ပါထိတွေ့ဖို့
ငါ...အခန်းရဲ့အပြင်ဘက်
ပေးတွေ့လိုက်တယ်။
ငါ......အဟုန်ပြင်းပြင်း တုန်နေရဲ့
ဒါပေမယ့် အာရုံခြောက်ပါး ငြိမ်းချမ်းတယ်။
ဟန်နီ့ကို သတိတရနဲ့နွေးခနဲ
ပြီးတော့ကိုယ် ကမ္ဘာရဲ့
ဟိုးးးးး......မြောက်ဖျားတစ်နေရာကိုရောက်နေပါလားလို့ပြန်တွေးဖြစ်တယ်။
အာရုံရဲ့နောက် သတိတရလိုက်ကြည့်မိတော့
အမိအဖ
မိသားစု
သူငယ်ချင်းများစွာ
လုပ်ဖေါ်ကိုင်ဖက်များ
နေထိုင်ခဲ့ရာအခန်းလေး
နောက်ဆုံးငါခြေတစ်ခါချဖူးတဲ့နေရာကိုတောင်
အမှတ်တရပန်ချီ
ငါ့သွေးနဲ့ဆွဲဖြစ်တယ်။
(မင်းငြိမ်)။
No comments:
Post a Comment