ဖျက်ခနဲ
အလင်းပွင့်တယ်
ငါ့အရိပ်ကနေ...
ငယ်ဘ၀ကလား
တစ်ခုခုကြားမိလိုက်တယ်။
ဟို...တောင်တန်းစိမ်းစိမ်းတွေဆီကလား
ဒါမှမဟုတ် ပြတင်းတံခါးရှေ့က ခေါက်သံလား
တိုးတိုးလေး တစ်ခုခုကြားလိုက်မိတယ်။
သူ့နုတ်ခမ်းလွှာ အဖွင့်အဟ....လေသံနွေးနွေးဆီကများလား
လည်တိုင်အမော့မှာ ဖြစ်ပျက်သွားတဲ့
သွေးကြောမျှင်လေးတွေရဲ့ တီးတိုးသံလား
ရင်မွှာအစုံ ရေရွတ်တာလည်း ဖြစ်နိုင်တယ်။
လေအရှု အထုတ်မှာ
ပြင်းရှမှု့
ဒါလည်းဖြစ်မယ်။
ဖျက်ခနဲ
အလင်းပွင့်တယ်
ငါ့အရိပ်ကနေ...
အိမ်မက်..
(မင်းငြိမ်)။
No comments:
Post a Comment