Saturday, October 3, 2009

အခြေခံ

မသိစိတ်နှစ်ခုကို
ပစ်တဲ့မြှားတစ်စင်းလိုတယ်ဆိုရင်
အဲ့ဒါ သေချာခြင်းပဲ
ငါ့ဘက်က ကမ္ဘာမြေအတိုင်းကျင့်ရင်
သူ့ ဘက်ကလည်း ပန်းသီးကြွေပြမှာပေါ့
တစ်ခုပဲ
ငါ့ဆွဲအားကို
ငါယုံကြည်ဖို့ (လုံးဝ)လိုတယ်။
လမ်းတစ်ခုရဲ့ အခြေခံက
လွယ်ကူချောမွေ့ စေဖို့ ဆိုပေမယ့်လည်း
ပေးဆပ်ရတဲ့ အရင်းအနှီးက ကြီးတယ်။
ဒီလိုဆိုရင်
ငါ့ရဲ့ ပြေရာပြေကြောင်းအတွက်ဆိုရင်ကော?
သိတယ်
ကျင့်ကြံရမယ့်လမ်း
ပန်းမဟုတ်ဘူးဆိုတာ
(မင်းငြိမ်)။

No comments:

Post a Comment

နားဝင်ပီယံတေးသီချင်းများ