Friday, December 9, 2011

ပင်လယ်ကမ်းပါး တွယ်ကပ်ငှက်များ

ဗြုန်းခနဲ
ထပျံကျတယ်
ခပ်ဝေးဝေးသို့
ဒါပေမယ့်
မွေးဖွားရာ ပြန်လှည့်ကြည့်
ပြန်ပြေးလာကြပြန်တယ်...
လှိုင်းကလည်း တစ်ဝုန်းဝုန်းရိုက်ခက်
အအေးငွေ့တွေနဲ့
ငါ့နေရာလေ
ခဲနေရော့မယ်...
ဒီလို ခဏခဏ
ထထပျံရတာ
စိတ်ညောင်းတယ်...
ဟိုး..ရှေးမှာလည်း တောအုပ်
ငါ့ ဘိုးဘေးတွေ
ဘာဖြစ်လို့ မသွားကြပါလိမ့်...
ငါ့အိမ်..
ငါ့နေရာ..
ငါ့ကျွမ်းကျင်ရာ..
ဒီမှာ အနွေးဓာတ် ပိုရတယ်
ဒီမှာ ပိုလုံခြုံတယ်
ဒီမှာ လေလတ်ဆတ်တယ်
ဒီမှာ မဆုံးတဲ့ အစားအစာတွေ
ဒီမှာ င့ါချစ်သူလေးလည်းရှိတယ်
ဒီမှာ... ဒီမှာ... ဒီမှာ............... ရှိတယ်
ဒါနဲ့ပဲ
တွယ်ကပ်နေမိပြန်ပေါ့...
(မင်းငြိမ်)။

No comments:

Post a Comment

နားဝင်ပီယံတေးသီချင်းများ