ဘာနဲ့မှ
ဖျင် လို့မရတဲ့နှောင်ကြိုး
တင်းတင်းရင်းရင်း မြှားတစ်စင်းပေါ့...
အာရုံတစ်ခုတည်းနဲ့
ဖမ်းဆုပ်လိုက်တာမဟုတ်ဘူးလေ
အသွေးအသားလည်း ပန်းလိုပွင့်ပေးခဲ့တာပ...
အရှေ့နဲ့အနောက်
ခရီးထောက်တယ်ဆိုတာသိတယ်
ဒီမှာ လေကြမ်းတွေ
တစ်အားတိုက်တယ်
အဲ့ဒီမှာလည်း မိုးတွေကြမ်းနေလိမ့်မယ်
ဆိုလိုတာက
မတူပေမယ့်
နှင်းဆီရနံ့တွေ
ဖြူစင်တယ်ဆိုတာပါ...
ကိုယ်ရည်ကိုယ်သွေး နွေးလာအောင်
မင်းအကြောင်းတွေးတယ်...
ရေတံခွန်ကို
ဖြတ်စီးလာတဲ့
ကိုယ့်ဂစ်တာသံမင်းကြားလိမ့်မယ်...
ဟိုး... ရှေ့က
စိမ်းလန်း ငြိမ်းချမ်း ဥယျာဉ်မှာ
ကိုယ့်တို့အနာဂတ်တွေရှိတယ်...
မရေမတွက်နိုင်တဲ့
ချစ်ခြင်းတရားတွေရှိမယ်
နှင်းမွမွ
စပယ်မွှေးမွှေး
ချဉ်ခြင်းအပြည့်
သံစဉ်တွေ
အိမ်လေးတစ်လုံး
အထဲမှာ
မင်းလိုအင်အလျောက်
ဖြည့်ဆည်းပေးမယ့်
ကိုယ့်သံသရာ နွေးမြစေမယ်လေ....။
ကိုယ်….ဖြန့်ကျဲထားတယ်...
(မင်းငြိမ်)။
No comments:
Post a Comment