အခုတစ်လော
ငယ်ဘ၀အကြောင်း
သဲသဲမဲမဲ ဖတ်မိတယ်…
အကောင်းစား သားရေကွင်း
အဖေရွေးပေးတယ်
အဖေ့ကိုချစ်တယ်…
မွေးခါစ ခွေးလေးငါးကောင်
ငါ့ကြောင့် ဟိုဘက်ကမ်းပြန်သွားခဲ့တယ်…
မှတ်မှတ်ရရရွှေဆွဲကြိုးလေး
ထုတ်ဆီးတိုးရင် ပျောက်တယ်…
အမေအရိုက်ကြမ်းတယ်
ကျင့်သားရလာတယ်
ဒါပေမယ့် အမေ့ကိုချစ်တယ်…
ရွာက သစ်ပင်မှန်သမျှ
ငါ့အကြောင်းအကုန်သိကြတယ်…
အိမ်ကပြေးလွန်းလို့
ဝရမ်းပြေးဘိုးသိန်းဘွဲ့ ချီးမြင့်ခံရဘူးတယ်
လှေလှော်တယ် ငါးမျှားတာတွေက
ငါနဲ့ရွာကလေး တစ်သားတည်း…
ငါနိုက်ခဲ့တဲ့
စာကလေးသိုက်
တစ်ရွာလုံးမှာ အများဆုံးပဲ…
အဘွားအချစ်ဆုံးမို့လို့
ခိုးတိုက်တဲ့ နွားနို့
ခဏခဏ သောက်ရတယ်…
အိပ်ရှေ့ကွပ်ပျစ်
အဘွားရင်ခွင်
လသာညတွေ
ပုံပြင် နားထောင်ရတာ
ကောက်ရိုးနံသင်းတယ်…
အဘုိးစိုက္ထားတဲ့ သေဘာၤသီး
ခုိးစားတာ
ဆော်ပလော်တီးခံရတယ်…
ရွာကမွေးမြူရေးရွာလေး
ခွေးမွေးတယ်
လူမွေးတယ်
နွားမွေးတယ်
ဘဲမွေးတယ်
ကြက်မွေးတယ်
ဝက်မွေးတယ်
တော်တော်များများမွေးတယ်
ဆိုတော့
ငါတော်တော်များများ
သူငယ်ချင်းတွေနဲ့ ညဘက်
အမျိုးတွေအိမ် လှည့်ဖြစ်တယ်…
အဘိုးက သူကြီး
ဘကြီးက အတွင်းရေးမှုး
တစ်ရွာလုံးက
ရေပက်မလွတ်အမျိုးတွေ
ပြီးတော့
မိသားစုက ရွာရဲ့နံပါတ်တစ် ဈေးဆိုင်
ဆိုတော့
လွတ်ငြိမ်းချမ်းသာပဲ။
ကိုရင်ဝတ်တော့
ထမင်းခိုးစားမိတယ်
ဘုန်းကြီး ကြိမ်လုံး
အမေ့ထက် ကြမ်းတယ်…
ဒါပေမယ့် ဘုန်းကြီးကိုချစ်တယ်…
စာကြိုးစားဘို့
ဘုန်းကြီးမိန့်တာကိုသတိရတယ်
ကိုးတန်းမှာ
အမေနဲ့အဖေ၀ယ်ပေးတဲ့ ရွှေအိုရောင်နာရီလေး
ငါပြန်လိုချင်တယ်…(အဆင့်တစ်ကနေ တစ်ဆယ်ဝင်ရင် ၀ယ်ပေးမယ်လို့ပြောထားမိလို့)
ကိုးတန်းအောင်လို့ဝယ်ပေးတဲ့ စက်ဘီးလေး
ငါပြန်လိုချင်တယ်…
ရွာမှာ
ဆယ်တန်းအောင်တာ
ငါပထမဆုံးပဲ…
ဆေးလိပ်သောက်တယ်
အရက်သောက်တယ်
ကွမ်းစားတယ်
လောင်ကစားမှန်သမျှ
အကုန်လုပ်ဖြစ်တယ်…
ငါ့ကြောင့်
အိမ်စီပွားရေး နှစ်ခါပျက်ဖူးတယ်
မိုးတွင်းဆို
မိုးယိုလွန်းလို့
မိသားစု မျက်တွင်းတွေချောင်ကြတယ်…
ငါးပိရည်နဲ့ တို့စရာက
ငါ့မိသားစုအတွက်
ဖွားဖက်တော်
တစ်ခါတစ်ခါ
အမေချက်တဲ့
ဘဲဥချဉ်ရေဟင်း
ကမ္ဘာမှာ အကောင်းဆုံး…
အမေ ဘုရားဆွမ်းတော်ကပ်ခိုင်းတိုင်း
မညည်းမငြူကပ်တယ်
ပြီး…စားချင်လို့ချက်ချင်းပြန်စွန့်တယ်…
ဘုရားစင် ပွဲတင်ထားတဲ့ပိုက်ဆံ
ငါ့အတွက် အသုံးလိုတိုင်း လိုတရ…
ဒါပေမယ့် ဘုရားမှန်မှန်ရှိခိုးတယ်…
အိမ်မှာက
တရုပ်ဖြစ် ကတ်ဆက်တစ်လုံး
အဖေက ဘီဘီစီနားထောင်တယ်
အမေက တရားခွေနားထောင်တယ်
ငါက ရော့ခ် သီချင်းနားထောင်တယ်
ဆံပင်းအလယ်ခွဲ
နားကွင်းတစ်ဖက်
ပုဆိုးချက်ပြုတ်နဲ့
အိမ်ရှေ့က အုတ်ခုံမှာ
ဂစ်တာတီးတယ်…
အဖေက နားညောင်းတယ်အားပေး
အချစ်ဆုံးသူငယ်ချင်းက
မင်းအသံ ကောင်းတယ်လို့မြှောက်ပေး…
ဒါနဲ့ အရိုက်ခံပြီးဆက်တီးတယ်…
အချစ်ဆုံးကောင်မလေးတစ်ယောက်
သူ့အိမ်ရှေ့ကန်ဘောင်မှာ
ခဏခဏဂစ်တာတီးဖြစ်တယ်
သူ့အစ်ကိုက ငါ့ကိုချစ်ပေမယ့်
သူ့ညီမကို ပိုချစ်တယ်…
ကောင်မလေးလည်း ငါ့ကိုချစ်တယ် (ထင်တယ်)
ငါ့အပေအတေနဲ့ ဓနကို
သူမယုံကြည်ရဲဘူး…
သူ့တူလေးက
ငါ့ကိုချစ်လွန်းလို့ အောင်သွယ်ပေးပေမယ့်
သူ့ဦးလေးတုတ်က ပိုပြင်းတယ်ဆိုတာ သိသွားတယ်…
သူ့ကို ငါချစ်တယ်…
ငါ
အပေါင်းအသင်းမက်တယ်
အချစ်ဆုံးသူငယ်ချင်း ငါးယောက်ရှိတယ်
အားလုံးက လူချောတွေ
ငါ့ကို အသားမည်းလို့
ကုလားတဲ့
ကျေနပ်တယ်…
သူတို့ ရည်းစားတွေ
အမျိုးမျိုးပြောင်းတော့
အားကျတယ်…
အချစ်ဆုံးသူငယ်ချင်းကသင်ပေးတယ်
“မိန်းမဆိုတာ တစ်ချက်ပဲကြည့်ရတယ်ကွ
ပြီးရင်မကြည့်နဲ့တော့ ဒါဆိုရင် အကြည့်ခံရတဲ့မိန်းမက
ဒီကောင်ဘာကောင်လဲ ဆိုပြီးမင်းကို စစိတ်ဝင်စားလာလိမ့်မယ်”
အဲ့ဒီဒသန ကြိုက်သွားတယ်
လိုက်လုပ်တယ်
တစ်ယောက်မှမရလိုက်ဘူး…
ဒီလိုနဲ့
လက်ဖက်ရည်ဆိုင် တစ်နေကုန်ထိုင်တယ်
ဘောလုံးကန်တယ်
ခြင်းခပ်တယ်
ဇယ်တောက်တယ်
အန်စာတုံးလိမ့်တယ်
ဖဲရိုက်တယ်
သီချင်းနားထောင်တယ်
သူငယ်ချင်းရည်းစားတွေနဲ့ လျှောက်လိုက်သွားတယ်
သူတို့ ငါ့ကို ဆံပင်ထောင်လို့ဆိုပြီး
ထောင်ထောင် လို့ခေါ်ကြတယ်
မိသားစုတွေလို ချစ်တယ်…
ဂစ်တာတီးတယ်
ရည်းစားလေးတစ်ယောက်ရတယ်
ပထမဆုံးပါးပြင်
ငွေ့ရည်ဖွဲ့ မွေးညှင်းစိမ်း
ပန်းသွေးရောင်တောက်တောက်
ငါ့အတွက်
မိုးရေထဲက ထီးလေးတစ်ချောင်းပေါ့…
မကြာဘူး
သူချိန်းတာ ခဏခဏပျက်တယ်ဆိုပြီးတော့
သူ ငါ့ကိုချန်ထားခဲ့တယ်
မိုးရွာထဲမှာ
အရက်သောက်ပြီး
အသည်းကွဲပစ်လိုက်တယ်…
ထူးထူးခြားခြား
ပိုက်ဆံရှိတဲ့ မိန်းမချောတစ်ယောက်
မျက်စိလည်လာတယ်
ငါလည်းလည်တယ်တယ်ပေါ့
ဒါပေမယ့်
သူငယ်ချင်းက မျက်စိပိုလည်သွားတယ်
ငါ သူငယ်ချင်းကို ပိုချစ်တယ်
ရုပ်ရှင်ထဲကလို
ငါ့ကိုအရွဲ့တိုက်တယ်
ငါ မိုးရွာထဲ
အသည်းကွဲသီချင်းတွေဆိုရင်း
အရက်ထပ်သောက်ဖြစ်တယ်
အခု သူခရီးအဝေးကိုထွက်သွားခဲ့ပြီ…
ဒီိလိုနဲ့ .. ဒီလိုနဲ့
အသီးသီး
အိပ်တန်းကိုပြန်ကြတယ်
ခရီးတွေထွက်ကြတယ်
ငါ့ခရီးက ကွဲတယ်
လူအများကြီးမရောက်ဖူးတဲ့နေရာ
စိတ်တူသူချင်း
ကျောချင်းကပ်တဲ့နေရာ
အတ္တတွေ ဖော်လှစ်ပြသတဲ့နေရာ
သားရဲတောမှာ
ယုန်သူငယ် ဟိုကြည့်ဒီကြည့်
ဘုရားတရား မြဲတဲ့နေရာ
ခရီးမလိုတဲ့ အတွေ့အကြုံ
ပေါပေါများများဝေငှတဲ့နေရာ
ကျေးကျွန်စနစ် လက်လီလက်ကားဖြန့်တဲ့နေရာ
လူဖြစ်ရကျိုး နပ်မမှန်တဲ့နေရာ
အသွေးအသားကို ထိုးကျွေးရတဲ့နေရာ
အညစ်ညမ်းဆုံး အာသီသတွေကို
လှိုင်လှိုင်စိုက်ပျိုးတဲ့နေရာ
နေရာ… နေရာပေါ့
ငါ အဲ့ဒီကလူတွေကို ကွဲကွဲပြားပြားချစ်တယ်…
နောက်တော့
တစ်မျှော်တစ်ခေါ်အလင်းတွေနဲ့
ငါအိမ်ပြန်တယ်
နည်းနည်းမှောင်နေပြီ
အိမ်ရှေ့ခဏရပ်တယ်
အဖေ့ဈေးရောင်းနေတာတွေ့တယ်
အဖေ ငါ့ကိုမတွေ့ဘူး
“အဖေ” ငါ့အသံညင်ညင်သာသာပါပဲ
ဒါပေမယ့် ဆက်ခနဲ အဖေတုန်တယ်
လှည့်ကြည့်တယ်
ပြီးဈေးဆိုင်ပိတ်တယ်
အဖေနဲ့ငါ ဖလှယ်ကြတယ်…
အဖေပြောင်းလည်းသွားတယ်
ငါ့အပေါ် ပိုချစ်လာတယ်
ငါလည်း ပြောင်းလည်းသွားတယ်တဲ့
အဖေ့အပေါ်ပိုချစ်လာတယ်
အမေ အဖေ ညီအစ်ကိုမောင်နှမ
သူငယ်ချင်း ဆွေမျိုးများ
အားလုံးလတ်ဆတ်တယ်…
အဲ့ဒီနေ့
တစ်အိမ်လုံး
အရောင်မျိုးစုံ စိုက်ဖြစ်တယ်…
(မင်းငြိမ်)။
မြစ်တစ်စင်း ရိုးသားရှင်းသန့် စွာ ဖြောင့်မတ်စီးဆင်းစေဖို့  နွေဦးသန့် ဖို့ လိုပါတယ်
Monday, December 12, 2011
Friday, December 9, 2011
ပင်လယ်ကမ်းပါး တွယ်ကပ်ငှက်များ
ဗြုန်းခနဲ
ထပျံကျတယ်
ခပ်ဝေးဝေးသို့
ဒါပေမယ့်
မွေးဖွားရာ ပြန်လှည့်ကြည့်
ပြန်ပြေးလာကြပြန်တယ်...
လှိုင်းကလည်း တစ်ဝုန်းဝုန်းရိုက်ခက်
အအေးငွေ့တွေနဲ့
ငါ့နေရာလေ
ခဲနေရော့မယ်...
ဒီလို ခဏခဏ
ထထပျံရတာ
စိတ်ညောင်းတယ်...
ဟိုး..ရှေးမှာလည်း တောအုပ်
ငါ့ ဘိုးဘေးတွေ
ဘာဖြစ်လို့ မသွားကြပါလိမ့်...
ငါ့အိမ်..
ငါ့နေရာ..
ငါ့ကျွမ်းကျင်ရာ..
ဒီမှာ အနွေးဓာတ် ပိုရတယ်
ဒီမှာ ပိုလုံခြုံတယ်
ဒီမှာ လေလတ်ဆတ်တယ်
ဒီမှာ မဆုံးတဲ့ အစားအစာတွေ
ဒီမှာ င့ါချစ်သူလေးလည်းရှိတယ်
ဒီမှာ... ဒီမှာ... ဒီမှာ............... ရှိတယ်
ဒါနဲ့ပဲ
တွယ်ကပ်နေမိပြန်ပေါ့...
(မင်းငြိမ်)။
ထပျံကျတယ်
ခပ်ဝေးဝေးသို့
ဒါပေမယ့်
မွေးဖွားရာ ပြန်လှည့်ကြည့်
ပြန်ပြေးလာကြပြန်တယ်...
လှိုင်းကလည်း တစ်ဝုန်းဝုန်းရိုက်ခက်
အအေးငွေ့တွေနဲ့
ငါ့နေရာလေ
ခဲနေရော့မယ်...
ဒီလို ခဏခဏ
ထထပျံရတာ
စိတ်ညောင်းတယ်...
ဟိုး..ရှေးမှာလည်း တောအုပ်
ငါ့ ဘိုးဘေးတွေ
ဘာဖြစ်လို့ မသွားကြပါလိမ့်...
ငါ့အိမ်..
ငါ့နေရာ..
ငါ့ကျွမ်းကျင်ရာ..
ဒီမှာ အနွေးဓာတ် ပိုရတယ်
ဒီမှာ ပိုလုံခြုံတယ်
ဒီမှာ လေလတ်ဆတ်တယ်
ဒီမှာ မဆုံးတဲ့ အစားအစာတွေ
ဒီမှာ င့ါချစ်သူလေးလည်းရှိတယ်
ဒီမှာ... ဒီမှာ... ဒီမှာ............... ရှိတယ်
ဒါနဲ့ပဲ
တွယ်ကပ်နေမိပြန်ပေါ့...
(မင်းငြိမ်)။
နူးညံ့စွာတမ်းတခြင်း
ဘာနဲ့မှ
ဖျင် လို့မရတဲ့နှောင်ကြိုး
တင်းတင်းရင်းရင်း မြှားတစ်စင်းပေါ့...
အာရုံတစ်ခုတည်းနဲ့
ဖမ်းဆုပ်လိုက်တာမဟုတ်ဘူးလေ
အသွေးအသားလည်း ပန်းလိုပွင့်ပေးခဲ့တာပ...
အရှေ့နဲ့အနောက်
ခရီးထောက်တယ်ဆိုတာသိတယ်
ဒီမှာ လေကြမ်းတွေ
တစ်အားတိုက်တယ်
အဲ့ဒီမှာလည်း မိုးတွေကြမ်းနေလိမ့်မယ်
ဆိုလိုတာက
မတူပေမယ့်
နှင်းဆီရနံ့တွေ
ဖြူစင်တယ်ဆိုတာပါ...
ကိုယ်ရည်ကိုယ်သွေး နွေးလာအောင်
မင်းအကြောင်းတွေးတယ်...
ရေတံခွန်ကို
ဖြတ်စီးလာတဲ့
ကိုယ့်ဂစ်တာသံမင်းကြားလိမ့်မယ်...
ဟိုး... ရှေ့က
စိမ်းလန်း ငြိမ်းချမ်း ဥယျာဉ်မှာ
ကိုယ့်တို့အနာဂတ်တွေရှိတယ်...
မရေမတွက်နိုင်တဲ့
ချစ်ခြင်းတရားတွေရှိမယ်
နှင်းမွမွ
စပယ်မွှေးမွှေး
ချဉ်ခြင်းအပြည့်
သံစဉ်တွေ
အိမ်လေးတစ်လုံး
အထဲမှာ
မင်းလိုအင်အလျောက်
ဖြည့်ဆည်းပေးမယ့်
ကိုယ့်သံသရာ နွေးမြစေမယ်လေ....။
ကိုယ်….ဖြန့်ကျဲထားတယ်...
(မင်းငြိမ်)။
ဖျင် လို့မရတဲ့နှောင်ကြိုး
တင်းတင်းရင်းရင်း မြှားတစ်စင်းပေါ့...
အာရုံတစ်ခုတည်းနဲ့
ဖမ်းဆုပ်လိုက်တာမဟုတ်ဘူးလေ
အသွေးအသားလည်း ပန်းလိုပွင့်ပေးခဲ့တာပ...
အရှေ့နဲ့အနောက်
ခရီးထောက်တယ်ဆိုတာသိတယ်
ဒီမှာ လေကြမ်းတွေ
တစ်အားတိုက်တယ်
အဲ့ဒီမှာလည်း မိုးတွေကြမ်းနေလိမ့်မယ်
ဆိုလိုတာက
မတူပေမယ့်
နှင်းဆီရနံ့တွေ
ဖြူစင်တယ်ဆိုတာပါ...
ကိုယ်ရည်ကိုယ်သွေး နွေးလာအောင်
မင်းအကြောင်းတွေးတယ်...
ရေတံခွန်ကို
ဖြတ်စီးလာတဲ့
ကိုယ့်ဂစ်တာသံမင်းကြားလိမ့်မယ်...
ဟိုး... ရှေ့က
စိမ်းလန်း ငြိမ်းချမ်း ဥယျာဉ်မှာ
ကိုယ့်တို့အနာဂတ်တွေရှိတယ်...
မရေမတွက်နိုင်တဲ့
ချစ်ခြင်းတရားတွေရှိမယ်
နှင်းမွမွ
စပယ်မွှေးမွှေး
ချဉ်ခြင်းအပြည့်
သံစဉ်တွေ
အိမ်လေးတစ်လုံး
အထဲမှာ
မင်းလိုအင်အလျောက်
ဖြည့်ဆည်းပေးမယ့်
ကိုယ့်သံသရာ နွေးမြစေမယ်လေ....။
ကိုယ်….ဖြန့်ကျဲထားတယ်...
(မင်းငြိမ်)။
Subscribe to:
Posts (Atom)