မျက်နှာမူရာ
အသွေးအသားဖြင့် တည်စေ
ခမည်းကြိုးလေးနဲ့အတူ
ငါရှင်သန်ပါတယ်...
ခြေဆုံး ခေါင်းဖျားပျော်ဝင်
နီးနီးလေးမှာ
အကြည်ဓါတ်တစ်ခု
မင်းသိမယ်...
အဖြစ်အပျက်
ဖျက်ခနဲ
ပြီး..ပြက်ခနဲ
အဲ့လိုမြန်တယ်လို့ဆိုတယ်
ဒါပေမယ့် သံသရာတည်တယ်ဆိုတာ ကိုယ်သိပါတယ်...
မြက်ခင်းစိမ်းနဲ့ ခင်တန်းတောစပ်လေးမှာ
ကိုယ်က လရောင်အေးမြ ခင်းပေး
နောက်... ဂီတာတစ်လက်
မင်းဘက်ကတော့ လက်ဖက်လေးပေါ့ (ဒေသထွက်လေးပေါ့)
ကိုယ်ဖြစ်ပါတယ်...
မင်းသိလား
ကိုယ်ဘယ်ဘက်မှာ
စာကြည့်မီးလေး
အမြဲထွန်းပြီး အိပ်ဖြစ်တယ်...။
(မင်းငြိမ်).။
မြစ်တစ်စင်း ရိုးသားရှင်းသန့် စွာ ဖြောင့်မတ်စီးဆင်းစေဖို့  နွေဦးသန့် ဖို့ လိုပါတယ်
Tuesday, October 25, 2011
အနီးမြင်
ခက်တယ်...
ခဏခဏ ဖြစ်နေတယ်...
တွေးလိုက်တိုင်း သွေးဆူလာလွန်းလို့...
ဒီမှာမိုးရွာတယ်...
နှင်းကလဲ မစဲတော့...
ဒါနဲ့ပဲ လွမ်းလို့မဆုံးတော့ဘူး...
အရိပ်က အနားမှာ
အမြဲတမ်းဖြစ်နေတာ...
မျက်မှန်လည်း ခဏခဏတပ်ဖြစ်တယ်
တောင်တန်းတွေမြင်တိုင်း
မင်းနေတဲ့နေရာလေးလည်း
ဒီလိုလေးပဲလို့ တွေးမိတယ်...
ဂစ်တာလည်း တီးတယ်...
မီးပူတော့ မတိုက်ဖြစ်ဖူး...
ပန်းကန်ဆေးတော့လည်း
မင်းဆေးနေတာမြင်တယ်..
မျက်မှန်ခဏခဏတပ်ပါတယ်...
အခု စက်ဘီးစီးနေရတယ်...
အဲ့ဒါလည်း မြင်နေပြန်ရော...
ခက်တယ်...
မျက်မှန် ခဏခဏတပ်ဖြစ်ပါတယ်။
(မင်းငြိမ်).။
ခဏခဏ ဖြစ်နေတယ်...
တွေးလိုက်တိုင်း သွေးဆူလာလွန်းလို့...
ဒီမှာမိုးရွာတယ်...
နှင်းကလဲ မစဲတော့...
ဒါနဲ့ပဲ လွမ်းလို့မဆုံးတော့ဘူး...
အရိပ်က အနားမှာ
အမြဲတမ်းဖြစ်နေတာ...
မျက်မှန်လည်း ခဏခဏတပ်ဖြစ်တယ်
တောင်တန်းတွေမြင်တိုင်း
မင်းနေတဲ့နေရာလေးလည်း
ဒီလိုလေးပဲလို့ တွေးမိတယ်...
ဂစ်တာလည်း တီးတယ်...
မီးပူတော့ မတိုက်ဖြစ်ဖူး...
ပန်းကန်ဆေးတော့လည်း
မင်းဆေးနေတာမြင်တယ်..
မျက်မှန်ခဏခဏတပ်ပါတယ်...
အခု စက်ဘီးစီးနေရတယ်...
အဲ့ဒါလည်း မြင်နေပြန်ရော...
ခက်တယ်...
မျက်မှန် ခဏခဏတပ်ဖြစ်ပါတယ်။
(မင်းငြိမ်).။
Subscribe to:
Posts (Atom)